Nurarihyon no Mago Sennen Makyou



💥💥Review
Japan မှာ ဝိဉာဉ်လောကဆိုတာ အကုန်လုံးက လူသားတွေဖန်တီးခဲ့တဲ့ ပုံပြင်သက်သက်လို့ထင်နေကြတဲ့ခေတ်မှာ Rikuo ဆိုတဲ့ကောင်လေးကတော့ ဝိဉာဉ်တွေနဲ့ တူတူနေရင်း ဝိဉာဉ်တွေဆိုတာတကယ်ရှိကြောင်း သိနေပေမယ့် သူငယ်ချင်းတွေကိုပြောပြလည်း မယုံကြတဲ့အပြင် ပုံပြင်တွေဂျင်းသိပ်ထားတဲ့အတိုင်း ဝိဉာဉ်တွေက်ိုကြောက်နေကြတာပေါ့
Rikuo ဆိုတဲ့ကောင်လေးရဲ့အဖိုးကတော့ တခြားမဟုတ်ပါဘူး ဝိဉာဉ်တွေအားလုံးရဲ့အကြီးအကဲပါ ညရဲ့အရှင်သခင်လို့ တစ်ချိန်ကလူသားတွေသာမက ဝိဉာဉ်တွေပါ ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ကြရတဲ့အကြီးအကဲဖြစ်နေပြီး သူ့မြေး Rikuo လေးကိုသုံးယောက်မြောက်ဆက်ခံသူအဖြစ်တင်ပေးမယ့် အစည်းအဝေးပွဲမှာ ဝိဉာဉ်တွေက ကောင်းတယ်လို့ထင်ထားRikuo က ဝိဉာဉ်တွေကတကယ်မကောင်းကြောင်းသိလိုက်ရတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲ
အဲ့မှာမှ သူခင်ရတဲ့သူငယ်ချင်းကောင်မလေး Kana က်ု ဝိဉာဉ်တွေက အန္တရာယ်ပေးလာခဲ့တဲ့အခါ ညရဲ့အရှင်သခင်သွေးတွေစီးဆင်းနေတဲ့ Rikuo က ဘယ်လိုပုံစံတွေနဲ့ သူ့သူငယ်ချင်းကို ကာကွယ်သွားမလဲဆိုတာကိုရှုစားရမှာပါ
စာရှည်သွားလို့ Gomen 🙏😢

Comments